Search This Blog

About Me

My photo
Just an ordinary guy who loves to survive in simple way.

Wednesday, September 16, 2009

သမုဒယကျောင်း

အတူဆုံနဲ့တအူတုံ
တကယ်မဆင်းကြပေမယ့်
သူငယ်ချင်းဘ၀နဲ့
ငယ်စာရင်းက.......
အတန်းဖော်.......
ပြန်မလွမ်းပြီလား
ကျောင်းခန်းမှာ စာအတူသင်
ကျောင်းအပြင်မှာစာအတူကျက်
ရည်ရွယ်ချက်တွေ အစပျိုးရင်း
ဘ၀ပျိုးခင်း.... ဆိုသည့်ကျောင်းတော်.......
သည်ကျောင်းမှာဘ၀ကိုစ
သည်ကျောင်းက
ဘ၀ကို ထုဆစ်နုမျစ်သူတို့ပုံလောင်း
လောကရဲ့ကောင်းကျိုး
အကောင်းအဆိုး
ဓမ္မ အဓမ္မဝေခွဲအနေရဲ့
စို့မှန်းရည်မျော်တစ်လမ်းစီနော်............
(ကြီးတော့).......တို့တတွေကွဲ
ဆရာ ဆရာမတွေနဲ့
တခါကတပည့်တွေမကုန်လို့ 
ပြန်အဆုံပျော်စရာချည်းပေပဲ
တပည့်တွေလဲ ဆံပင်ဖြူ
အသွင်မတူ ဇရာဖက်
အသက်တွေအရွယ်ရပေမယ့်
ငယ်ဘ၀သင်ခန်းစာကို
ဘာမြင်မြင်အကုန်လွမ်းတာပဲ
ခုံတန်းမှာ ငယ်အရိပ်တွေက
ငယ်စိတ်ဝင်အမှတ်တရတွေနဲ့
ဖြတ်မရအောင် ... အခုဘ၀...အနုသယ... ၀ဲမှာ(သူငယ်ချင်းရယ်)............
သမုဒယနဲ့.... စွဲ..............

မောင်စိန်ဝင်း (ပုတီးကုန်း)

No comments: