....မောင့်တောအုပ်မှာ....
မောင့်တောအုပ်မှာ
ငှက်ပြာဝတ်ရည်
သောင်ယစ်ရီတတ်နှင်းဆီဖြူလဲ့
ပျံ့သင်းဖွဲ့တတ်ဝါသွဲ့ရွက်ကြွေ
လိပ်ပြာပွေတတ်မြစ်ရေချောင်းစ
တေးညှင်းမြတတ်မိန်းမလှသူယောင်
မျက်တောင်ခတ်တတ်ကျမ်းတတ်ဇော်ဂျီ
ဖိုဝင်မီတတ်ကြံစည်သမျှ
ဖြစ်မြောက်ရသည်။
မောင့်တောအုပ်မှာ
လာလှဲ့နေလှဲ့
အိပ်မက်လှဲ့လှဲသဲ့သဲ့ခေါ်ငင်
မပီပြင်လဲထင်ထင်ကြားလိုက်
တိမ်းမူးခိုက်ဝယ်မိုက်မှားကြမ္မာ
တွန်းပို့ရာသို့
ထွက်ခွာလွင့်ပါး
ရပ်တစ်ပါး၌ရွေ့လျားရာသီ ထပ်ခဲ့သည်။
မောင့်တောအုပ်မှာ
ချမ်းသာအေးမြ
နေချင်လှလဲလမ်းစပျောက်ပျက်
ရှာပြန်ခက်ပြီပင့်သက်မောတွေ
မျက်ရည်ဝေဆဲမနေပျော်နဲ့
လာလိုက်ခဲ့ဟုသဲ့သဲ့ခေါ်သံ
ကြားရပြန်၏။
မြဲမြံနွယ်နှောင်
လူတို့ဘောင်၌ယောင်မှားဧည့်သည့်
မပျော်ကြည်ဘူးမဆည်နိုင်တော့
နွမ်းပျော့ခွေညိုးလမ်းမှားတိုးဆဲ
တိုးတိုးတစ်မျိုးချိုးငယ်ပြောသည်
မောင့်တောအုပ်မှာငှက်ပြာဝတ်ရည်
သောက်ယစ်ရီသတဲ့ဝါသွဲ့ရွက်ကြွေ
လိပ်ပြာပွေသတဲ့
မြစ်ရေချောင်းစ တေးညှင်းမြသတဲ့
မိန်းမလှသူယောင် မျက်တောင်ခတ်သတဲ့
ကျမ်းတတ်ဇော်ဂျီ ဖိုဝင်မီသတဲ့
ကြံစည်သမျှ ဖြစ်မြောက်လှသတဲ့
နှမ မသိရှိမည်လား ။
(ကြည်အေး)


No comments:
Post a Comment