Search This Blog

About Me

My photo
Just an ordinary guy who loves to survive in simple way.

Saturday, September 12, 2009

....မာနမဲ့စွာ....

....မာနမဲ့စွာ....
ပြက်ရယ်ပြုမှုကိုခံရသည့်အခါ
အားငယ်သွားတတ်သော်လည်း
မည်သည့်အခါမျှ
စိတ်မဆိုးရက်ပါလေ...
အနိုင်ကျင့်မှုကို ခံရသည့်အခါ
ဝမ်းနည်းသွားတတ်သော်လည်း
မည်သည့်အခါမျှ
မနာကြည်းရက်ပါလေ...
တန်ဖိုးမထားမှုကို ခံရသည့်အခါ
မကျေနပ်မှုကို ခံစားရတတ်သော်လည်း
မည်သည့်အခါမျှ
မငြိုငြင်ရက်ပါလေ...
စွန့်ပစ်သွားခြင်းကို ခံရသည့်အခါ
ကျွမ်းမြေ့လောင်မြိုက်စွာ
ပူပန်ရသော်လည်း
မည်သည့်အခါမျှ
မေ့လျော့၍ မရနိုင်ပါလေ...
စတွေ့သည်မှငါသည်
သင့်အားမာနတရားကို
ပေးအပ်ထားခဲ့သောကြောင့်တည်း...။


မောင်စိန်ဝင်း(ပုတီးကုန်း)

No comments: